PKUP4.jpeg
Shadow

သင်တန်းကျောင်း သမိုင်းအကျဉ်

 

အမှတ်(၄) စက်မှုသင်တန်းကျောင်း (ပခုက္ကူ)ကို အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ ကို HMT (International) Ltd. အဖြွ့အစည်းက စက်မှုဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ အမှတ်စဉ်(၁) သင်တန်းကို ( ၁၅.၇.၂၀၁၀) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

ဘာသာရပ်တစ်ခုလျင် အိန္ဒိယပညာရှင် (၁) ဦးကျစီဖြင့် ဘာသာရပ် (၉)ခုအတွက် ပညာရှင် (၉)ဦးမှာ (၁)နှစ်စီ သင်ကြားမှု အထောက်အကူပြုစက်ကိရိယာများအတွက် ထိန်းသိမ်းပြုပြင်ရေး အိန္ဒိယပညာရှင် (၁) ဦးမှ (၁)နှစ် ဖြင့် စုစုပေါင်း အိန္ဒိယ ပညာရှင် (၁၂) ဦး လာရောက် သင်ကြားပေးခဲ့ပါသည်။ မြန်မာနည်းပြ (၉)ဦးအား Instructor Course (၂)လ သင်တန်းကိုလည်း အိန္ဒိယနိုင်ငံတွင် ဖွင့်လှစ်သင်ကြား ပေးခဲ့ပါသည်။

အမှတ်(၄)စက်မှုသင်တန်းကျောင်း (ပခုက္ကူ)သည် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် တည်ရှိပါသည်။ စီမံကိန်းကြီးကို အိန္ဒယရူပီးငွေ (၁၄၇၄) သိန်းနှင့် နိုင်ငံတော်အစိုးရမှ စိုက်ထုတ်ငွေ (၄၂၀၀)ကျပ်သန်း ဖြင့် တည်ထောင်ခဲ့ပါသည်။ သင်တန်းကျောင်းတွင် သင်ကြားပေးသည့် သင်တန်းများသည် သင်တန်းကာလ (၁) နှစ်ဖြစ်ပြီး သင်ကြားပေးလျက်ရှိသည့် ဘာသာရပ်နှင့် သင်တန်းသား အရေအတွက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁) စက်ကိရိယာကိုင်တွယ်မောင်နှင်မှုသင်တန်း (တွင်ခုံ/ကြိတ်ခုံ) (Machine Tools Operator Course) – ( ၂၄ )ဦး

(၂) ကွန်ပျူတာသုံးစက်ကိရိယာ ကိုင်တွယ်မောင်းနှင်မှုသင်တန်း (CNC Operator Course) – ( ၂၄ ) ဦး

(၃) မော်တော်ယာဉ်စက်ပြင်သင်တန်း (Automobile Mechanic Course) - ( ၂၄ ) ဦး

(၄) ဂဟေဆက်ပညာသင်တန်း (Welder Course) – ( ၂၄ ) ဦး

(၅) လျှပ်စစ်ပညာသင်တန်း (Electrician Course) – ( ၂၄ ) ဦး

(၆) အီလက်ထရောနစ်ပညာသင်တန်း (Electronic Course) – ( ၂၄ ) ဦး

နှစ်စဉ် သင်တန်းဝင်ခွင့် လျှောက်လွှာများကို မေလမှ သြဂုတ်လအထိ အောက်ဖော်ပြပါ ဆက်သွယ်ရန် လိပ်စာများတွင် ရယူလျှောက်ထားနိုင်ပါသည်။

ဆက်သွယ်ရန်လိပ်စာ

ရုံးအမှတ်(၃၀)၊ နေပြည်တော်

ရုံးဖုန်း - ၀၆၇၃ ၄၀၅၀၅၁

အမှတ်(၄)စက်မှုသင်တန်းကျောင်း(ပခုက္ကူ )

Email : This email address is being protected from spambots. You need JavaScript enabled to view it.
Facebook : Itc Pakokku
ကျောင်းအုပ်ကြီး - ၀၉ ၄၀၁၅၀၉၀၂၈
ကျောင်းအုပ် - ၀၉၄၀၁၅၇၅၀၅၃
ကျောင်းသားရေးရာဌာန - ၀၉၄၅၆၇၂၉၉၃၈
အုပ်ချုပ်ရေးဌာန - ၀၉၄၅၆၇၂၉၉၁၈
သင်တန်းရေးရာဌာန - ၀၉၄၅၆၇၂၉၉၂၈