Warning: mysqli_connect(): (HY000/1045): Access denied for user 'itcpakok_aung'@'localhost' (using password: YES) in /home/itcpakok/public_html/itcpkk/function.php on line 3
The Connection was not established: Access denied for user 'itcpakok_aung'@'localhost' (using password: YES) ITC Pakokku

အမှတ်(၄) စက်မှုသင်တန်းကျောင်း (ပခုက္ကူ)ကို အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ ကို HMT (International) Ltd. အဖြွ့အစည်းက စက်မှုဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ အမှတ်စဉ်(၁) သင်တန်းကို ( ၁၅.၇.၂၀၁၀) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။


ဘာသာရပ်တစ်ခုလျင် အိန္ဒိယပညာရှင် (၁) ဦးကျစီဖြင့် ဘာသာရပ် (၉)ခုအတွက် ပညာရှင် (၉)ဦးမှာ (၁)နှစ်စီ သင်ကြားမှု အထောက်အကူပြုစက်ကိရိယာများအတွက် ထိန်းသိမ်းပြုပြင်ရေး အိန္ဒိယပညာရှင် (၁) ဦးမှ (၁)နှစ် ဖြင့် စုစုပေါင်း အိန္ဒိယ ပညာရှင် (၁၂) ဦး လာရောက် သင်ကြားပေးခဲ့ပါသည်။ မြန်မာနည်းပြ (၉)ဦးအား Instructor Course (၂)လ သင်တန်းကိုလည်း အိန္ဒိယနိုင်ငံတွင် ဖွင့်လှစ်သင်ကြား ပေးခဲ့ပါသည်။


အမှတ်(၄)စက်မှုသင်တန်းကျောင်း (ပခုက္ကူ)သည် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် တည်ရှိပါသည်။ စီမံကိန်းကြီးကို အိန္ဒယရူပီးငွေ (၁၄၇၄) သိန်းနှင့် နိုင်ငံတော်အစိုးရမှ စိုက်ထုတ်ငွေ (၄၂၀၀)ကျပ်သန်း ဖြင့် တည်ထောင်ခဲ့ပါသည်။ သင်တန်းကျောင်းတွင် သင်ကြားပေးသည့် သင်တန်းများသည် သင်တန်းကာလ (၁) နှစ်ဖြစ်ပြီး သင်ကြားပေးလျက်ရှိသည့် ဘာသာရပ်နှင့် သင်တန်းသား အရေအတွက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


(၁) စက်ကိရိယာကိုင်တွယ်မောင်နှင်မှုသင်တန်း (တွင်ခုံ/ကြိတ်ခုံ) (Machine Tools Operator Course) – ( ၂၄ )ဦး

(၂) ကွန်ပျူတာသုံးစက်ကိရိယာ ကိုင်တွယ်မောင်းနှင်မှုသင်တန်း (CNC Operator Course) – ( ၂၄ ) ဦး

(၃) မော်တော်ယာဉ်စက်ပြင်သင်တန်း (Automobile Mechanic Course) - ( ၂၄ ) ဦး

(၄) ဂဟေဆက်ပညာသင်တန်း (Welder Course) – ( ၂၄ ) ဦး

(၅) လျှပ်စစ်ပညာသင်တန်း (Electrician Course) – ( ၂၄ ) ဦး

(၆) အီလက်ထရောနစ်ပညာသင်တန်း (Electronic Course) – ( ၂၄ ) ဦး


နှစ်စဉ် သင်တန်းဝင်ခွင့် လျှောက်လွှာများကို မေလမှ သြဂုတ်လအထိ အောက်ဖော်ပြပါ ဆက်သွယ်ရန် လိပ်စာများတွင် ရယူလျှောက်ထားနိုင်ပါသည်။

ဆက်သွယ်ရန်လိပ်စာ

စက်မှုဝန်ကြီးဌာန
ရုံးအမှတ်(၃၀)၊ နေပြည်တော်
ရုံးဖုန်း - ၀၆၇၃ ၄၀၅၀၅၁

အမှတ်(၄)စက်မှုသင်တန်းကျောင်း(ပခုက္ကူ )

(ပခုက္ကူ - မြိုင်ကားလမ်း၏ မိုင်တိုင်အမှတ်(၅/၂)တွင်တည်ရှိပါသည်)
Email : itc.pakokku.moi2@gmail.com
Facebook : Itc Pakokku
ကျောင်းအုပ်ကြီး - ၀၉ ၄၀၁၅၀၉၀၂၈
ကျောင်းအုပ် - ၀၉၄၀၁၅၇၅၀၅၃
ကျောင်းသားရေးရာဌာန - ၀၉၄၅၆၇၂၉၉၃၈
အုပ်ချုပ်ရေးဌာန - ၀၉၄၅၆၇၂၉၉၁၈
သင်တန်းရေးရာဌာန - ၀၉၄၅၆၇၂၉၉၂၈

“ယှဉ်ပြိုင်မှုစွမ်းရည်မြင့်မာသော လုပ်သားအင်အားစုနှင့် အဆင့်မြင့်နည်းပညာရှင်များ နိုင်ငံအနှံ့ မိုမိုမွေးထုတ်ပေးရေး”


“ကျွမ်ကျင် ၊ ရိုးသား ၊ စွမ်းရည်မြင့်မာ ၊ စက်မှုသင်တန်းသား”


“SKILL – HONOR – ABILITY”


(၁) တိုင်းပြည်၏ စက်မှုဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကမောင်းနှင်အားဖြစ်သည့် အရည်အသွေးပြည်ဝသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန်နှင့် ကဏ္ဍအလိုက် သင့်တော်သည့် လုပ်ငန်းခွင်များတွင် တာဝန်ယူ ထမ်းဆောင်နိုင်စေရန်။

(၂) ပြည်တွင်းကျွမ်းကျင်လုပ်သားများ လိုအပ်ချက်မညီမျှမှုအား တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးရန်။



(1) Machine Tools Operator Course

(2) CNC Operator Course

(3) Industrial Electrician Course

(4) Electronics Mechanics Course

(5) Automobile Mechanics Course

(6) Welder Course

(၁) မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေလဲနှုန်း

Name

Email Address

Course of Interest

Message